သင့်ဖုန်းအား ပါဝါပိတ်လိုက်ပါ။ ပြီးလျှင် Sim card, Memory card တို့ကို
နှုတ်ထားလိုက်ပါ။ ဖုန်းတွင်ပါဝင်သော volume up + hone key + power
ခလုတ်တို့ကို ပြိုင်တူ တွဲနှိပ်လိုက်ပါ။ ဖုန်းစကရင်တွင် အစိမ်းရောင်
android စက်ရုပ်ပုံလေးတက်လာပါလိမ့်မယ်။ ထိုသို့တက်လာလျှင် နှိပ်ထားသော key
အားလုံးကို လွှတ်လိုက်ပါ။ ခဏစောင့်နေပါ သင် Recovery Menu ကို မြင်တွေ့ရမှာ
ဖြစ်ပါတယ်။
ထို့နောက် [ Wipe data /
Factory reset ] ကို volume key ဖြင့် ရွေးချယ်ကာ power ခလုတ်ကို
ရွေးချယ်ပေးလိုက်ပါ။ ထို့နောက် ” Yes — delete all user data ” ကို
ရွေးချယ်ပေးလိုက်ပါ။ second အနည်းငယ် စောင့်ပေးလိုက်ပါ။ Complete Reset
Process ဖြစ်သွားပါလိမ့်မယ်။ Reboot System Now ကို power key နှိပ်ကာ
ရွေးချယ်ပေးလိုက်ပါ။ ထို့နောက် ဖုန်း Restart ကျပြီး ပြန်တက်လာလျှင် ဟဲ ဟဲ
ဟဲ အစဉ်ပြေသွားပြီနော်။ service ခ အနေဖြင့် ဖုန်းဘေဖြည့်ပေးခြင်း သည်းခံပါ။
No comments:
Post a Comment